Monday, August 26, 2013

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြိတ်ခရိုင် အတွင်းရှိ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနား မြိတ်မြို့၌ ပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် မြိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၊ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များရှိ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ၊ စည်ပင်သာယာရေး ကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ်လ (၂၆) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက မြိတ်ခရိုင် အတွင်းရှိ ဖွဲ့စည်း ထားပြီး ဖြစ်သည့် ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းများ ဖြစ်သည့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် အသီးသီးရှိ မြို့နယ် ဖွံ့ဖြိုးရေး တိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထိုနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူဗဟိုပြုသော အဖွဲ့အစည်း များမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် ပွင်းလင်း မြင်သာမှုဖြင့် ဆောင်ရွက်သွားကြရန်နှင့် စည်းစည်း  လုံးလုံးဖြင့် ညှိနှိုင်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတကြီးမှ ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးအတွက် မိန့်ကြားခဲ့ကြောင်း၊ သို့ဖြစ်၍ မြိတ်ဒေသ အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းများဖြင့် ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ၊ လိုအပ်သည့် အခက်အခဲများကိုလည်း မိမိတို့ အစိုးရ အဖွဲ့ အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေး တက်ရောက်လာသော ကော်မတီအသီးသီးမှ  ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ က မိမိတို့ မြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ လိုအပ်ချက်များအား တင်ပြရာ ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက ညှိနှိုင်း ပေါင်းစပ်ပေးပြီး တွေ့ဆုံပွဲ အခမ်းအနား ပြီးမြောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ လူမှုရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင်နှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်ခရိုင် အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။




0 comments: