Tuesday, August 20, 2013

မြိတ်မြို့၌ ဈေးသူဈေးသားများအား အသေးစားချေးငွေထုတ်ချေးပေး




မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာဈေး မှ ဈေးသူဈေးသားများအား အသေးစား ချေးငွေ ထုတ်ချေးခြင်းကို သြဂုတ်လ(၁၉)ရက် ညနေ(၃) နာရီတွင် အောင်မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အသေးစားချေးငွေများကို မြိတ်မြို့နယ် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် တာဝန်ရှိသူ များက ဈေးသူဈေးသားများအား တစ်ဦးလျှင် (၁)သိန်း ကျပ်နှုန်းဖြင့် ဈေးသူဈေးသား (၁၁၅)အား ချေးငွေ (၁၁၅)သိန်းထုတ်ချေးပေးခဲ့သည်။

အလားတူ ညနေ(၄း၀၀)နာရီတွင် နောက်လယ်ဈေးမှ ဈေးသူဈေးသား (၇၆)ဦးအား ရပ်ကွက် ဓမ္မာ ရုံ၌ အသေးစားချေးငွေများ ထုတ်ချေးပေးခဲ့သည်။ အဆိုပါချေးငွေများကို မြိတ်အများပိုင် ကော်ပိုရေး ရှင်းလီမိတက်မှ ချေးငွေများဖြစ်ကြောင်း သတင်းရရှိသည်

IPRD MYEIK


0 comments: