Friday, August 16, 2013

မြိတ်မြို့၌ ပုလဲသွယ် စံပြကွက် သရုပ်ပြ စိုက်ပျိုးပွဲ

ပုလဲသွယ် မျိုးစပါး သရုပ်ပြ စိုက်ပျိုးပွဲကို သြဂုတ်လ(၁၅)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့နယ် စန္ဒ၀တ် ကျေးရွာ အုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာ၊ ကွင်းအမှတ် - ၂၅၁၊ ဦးပိုင်အမှတ် - ၈၃/၃၊ စိုက်ပျိုးရေး ဦးစီးဌာနပိုင် စံပြကွက် (၁၀)ဧကတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ လယ်သမားများအား စည်းရုံးပညာပေး ပြောကြား ရာတွင် ဌာနဆိုင်ရာများ နည်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး များသာ အဓိကျ၍ ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြရန်နှင့် မြေသြဇာ သုံးစွဲမှုကို အချိန်ကိုက် အချိုးညီ သုံးစွာရန်၊ လုပ်သားများ ရှားပါးမှုကြောင့် ခေတ်မီကောက် စိုက်စက်များအား အစားထိုး အသုံးပြုကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ယင်းနောက် ခရိုင် ဦးစီးမှူး ဦးဌေးလွင်မှ ဒေသနှင့် ကိုက်ညီသော ဈေးကွက် ၀င်မျိုးကောင်း မျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးမှု စနစ်များ လိုက်နာစေရန် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းမှ မျိုးစပါး ဆားရည်စိမ် မျိုးသန့်နည်းအား လက်တွေ့ ရှင်းလင်း သရုပ်ပြသခဲ့သည်။ ထိုနောက် စံပြကွက် စိုက်ပျိုးပွဲတွင် မြိတ်မြို့နယ် ၊ ရွှေဒူးကျေးရွာမှ စိုက်ပျိုးရေး သိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ သရုပ်ပြ စိုက်ပျိုးပြသ ခဲ့သည်။
အဆိုပါ စိုက်ပျိုးရေး သရုပ်ပြပွဲသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်စု(၇)အုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လယ်သမားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
IPRD MYEIK


0 comments: