Sunday, August 18, 2013

မြိတ်မြို့ DFB အရန်မီးသတ်တပ်ဖွဲ့သို့ မီးသတ်ရေသယ်ယာဉ် လှူဒါန်းပွဲ ကျင်းပ



မြိတ်မြို့ ထားဝယ်စု မီးသတ်ရပ် DFB အရန်မီးသတ်တပ်ဖွဲ့သို့ ကန်ဖျားရပ်ကွက် ဗိုလ်ဗထူးလမ်းနေ ဦးစိန်ဟုန်+ဒေါ်အေးကြူ မိသားစုမှ မီးသတ် ရေသယ်ယာဉ် တစ်စီးလှူဒါန်းပွဲကို သြဂုတ်လ(၁၈)ရက် နံနက်(၈) နာရီတွင် အဆိုပါ မီးသတ် တပ်ဖွဲ့ရုံးတွင် ကျင်းသည်။

ရှေးဦးစွာ ထားဝယ်စု အရန်မီးသတ် တပ်ဖွဲ့ ဒုတိယ ဥက္ကဌ ဦးခိုင်ဝင်းက မီးသတ် ရေသယ်ယာဉ် လှူဒါန်း ပေးသည့် အလှူရှင်အား ကျေးဇူးတင် စကားပြောကြားသည်။ ထိုနောက် အလှူရှင် ဦးစိန်ဟုန်+ဒေါ်အေးကြူ မိသားစုမှ မီးသတ်ရေယာဉ်နှင့်ပတ်သက်သော စာရွက် စာတမ်းများ ပေးအပ်ရာ ထားဝယ်စု အရန်မီးသတ်တပ်ဖွဲ့ ဒုတိယ ဥက္ကဌ ဦးခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ မီးသတ်ရေယာဉ်ကို မီးငြိမ်း သတ်ရာတွင် အသုံးပြုနိုင်ရန် အတွက် TOHATSU အမျိုးအစား ရေပန်းစက်ကို ရန်ကုန်မြို့နေ ဦးကြောင်စုံ+ဒေါ်ဆီး မိသားစုမှ လှူဒါန်းခဲ့သောကြောင့် ရေသယ်ယာဉ်အဖြစ် လည်းကောင်း၊ မီးသတ်ယာဉ် အဖြစ် လည်းကောင်း အသုံးပြု၍ ရကြောင်း သိရှိရသည်။
IPRD MYEIK










1014230_1406663549548467_1345091982_n.jpg1000950_1406663606215128_1798599782_n.jpg
545210_1406663566215132_55407695_n.jpg

0 comments: