Thursday, August 22, 2013

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာတွင် အသက် (၁)နှစ် (၄)လအရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး


တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ အုပ်စု၊ ပဲ့တိုင်ကျေးရွာ (အထက်ကြပ်) တွင် သြဂုတ်လ (၂၀)ရက် နံနက် (၁၀း၃၀) အချိန်ခန့်တွင် ၄င်းကျေးရွာနေ ဒေါ်စန်းမော် သည် နေအိမ်တွင် ထမင်းအိုး တည်နေရာမှ ထမင်းရည်ငှဲ့ပြီး အချိန် သားဖြစ်သူ အသက်(၁)နှစ်(၄)လ အရွယ်ရှိ မောင်အောင်မိုးနိုင် ပျောက်နေ၍  ရှာဖွေခဲ့ရာ မတွေ့ရဘဲ၊ ခင်ပွန်းဖြစ်သူ ဦးနောင်ပု အပြင်မှ ပြန်ရောက်ရှိလာမှ  အိမ်နီးချင်းများနှင့် ၀ိုင်းဝန်းရှာဖွေခဲ့ရာ နေအိမ်အရှေ့ (၃၅)ပေခန့် အကွာ ရေအနက် (၆)ပေခန့် ရှိ ရေမြောင်း ထဲမှ ကလေးငယ် အလောင်းအား (၁၀း၄၅)အချိန် ခန့်တွင် ပြန်လည်ရှာဖွေ တွေ့ရှိ ခဲ့သည်။

၎င်းကလေးငယ်ရေနစ်သေဆုံးမှုအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစိုးမှ သဇင်နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ရာ သဇင်နယ်မြေရဲစခန်းမှ ယင်းနေ့ (၁၇း၁၅)အချိန်တွင် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၃)ဖြင့် အမှုရေးဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သဇင်ရဲစခန်းမှူး ရဲအုပ် အေးအောင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

IPRD MYEIK

0 comments: