Friday, August 16, 2013

မြိတ်မြို့၌ ကျောင်းနေအရွယ် ကလေးငယ်များအား ဒေသထွက် နွားနို့နှင့် ကြက်ဥ တိုက်ကျွေး



ကျောင်းနေ အရွယ် ကလေးများ နို့တိုက်ကျွေးမှု အစီအစဉ် (School Milk Programme) အာဟာရ ကျွေးမွေးခြင်းကို သြဂုတ်လ (၁၅)ရက် နေ့လည်(၂)နာရီတွင် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (ကန်ဖျား)၌ ကျင်းပရာ မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါက်တာ ဖေအောင်က ကျောင်းနေ အရွယ်ကလေးများ နို့တိုက်ကျွေးမှု အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက အဆိုပါ ကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းကြို ကျောင်းသား/သူ(၃၀)ဦးနှင့် သူငယ်တန်း ကျောင်းသား/သူ (၂၉၇)ဦးကို ဒေသထွက် နွားနို့ နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သတင်း ရရှိသည်။
IPRD MYEIK


0 comments: