Tuesday, August 27, 2013

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ

ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေ ပါသည်။ ထိုနည်းတူစွာပဲ လူငယ်များသည်လည်း ခေတ်ရေစီး အကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲ လာခဲ့ကြပြီ ဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစေ့ မကိုင်နိုင်ကြပါဘူး .. တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့် အမျိုးအစား နည်းလှသည်ဟု ပြောရပါမည်။


ခေတ်ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ စက်ပစ္စည်း များသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ... ထိုများထဲတွင် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သော ကျွန်တော်တို့ နိုင်ငံသည်လည်း ခေတ်ရဲ့ ရေစီးကြောင်း အတိုင်း လိုက်ပါလာ ပါသည်။ ထိုများထဲတွင် လူငယ်များ ရေပန်းစား လာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။

ကင်မရာပါသည့် လက်ကိုင်ဖုန်းကို လူငယ်တွေ အဘယ်ကြောင့် ကြိုက်နှစ်သက်သနည်း ဆိုရင် ကိုယ်သွားနေရာ ဒေသများကို အလွယ်တကူ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်း ဗွီဒီယို မှတ်တမ်းများလည်း ရိုက်ကူးနိုင်ခြင်းကြောင့် လူငယ်များကြားထဲ ပိုမိုရေပန်းစားလာခြင်း ဖြစ်သည်။

ဒါပေမယ့် စိတ်မကောင်းစရာ နောက်ဆက်တွဲတွေကတော့ တစ်ချို့သော မြန်မာလူငယ်များ (မြန်မာ မိန်းခလေးများ အပါအ၀င်)သည် ကင်မရာဖုန်းကို လွဲမှားစွာ သုံးစွဲနေကြရသည်ကို တွေ့မြင်နေရခြင်းပါပဲ။ အဘယ်ကြောင့်ဆိုသော်....... ကင်မရာဖုန်းဖြင့် ချစ်သူနဲ့ နမ်းရှုတ်သည့် ပုံများအား အမှတ်တရ ရိုက်ကူးခြင်း ..ချစ်သူနှင့် အတူ အိပ်ခြင်းများအား အမှတ်တရ ဗွီဒီယိုရိုက်ကူးလာကြခြင်း။ မိမိအိမ်ခန်းထဲတွင် တစ်ယောက်တည်း ကာမ ဆွဲဆောင်မှု ဖြင့် အင်္ဂါ အစိတ်အပိုင်းများအား ဖေါ်ပြပြီး sex video မှတ်တမ်းများကို အပျော်တမ်း အနေဖြင့် ရိုက်ကူးလာကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီလိုတွေ ဖြစ်လာတာကို မည်သူ့မှာ အပြစ်ရှိတယ်လို့ မပြောဆိုလိုပါဘူး... အဓိက မိမိကိုယ် ထိန်းသိမ်းနိုင်ရန်သာ အဓိကမဟုတ်ပါလော.. .ချစ်သူက တောင်းဆိုလို့ ဗွီဒီယိုမှတ်တမ်းရိုက်ဖြစ်တာပဲ ဖြစ်ဖြစ် မိမိဆန္ဒ အလျောက် အပျော်တမ်း ရိုက်ကူးတာပဲဖြစ်ဖြစ် ကိုယ်က ထိန်းသိမ်းမှု မတက်ရင် အွန်လိုင်းမှာ ပျံနှံသွားတာပဲမဟုတ်လား..
အွန်လိုင်း ဆိုသည်ကား မိမိအတွက် ကောင်းသောအရာကို ယူဆောင်လာသော အရာဟုဆိုနိုင်သလို မိမိ အမှားတွေကြောင့် မိမိဘ၀တစ်ခုလုံးကိုပါ ပျက်စီးစေသော အရာဆိုလည်း မှားမည်မထင်ပါ။။။။။

ထို့ကြောင့်လည်း ၁၈ နှစ်အောက် မကြည့်ရဆိုသည့် ဘလော့နှင့် ၀က်ဆိုဒ်များတွင် ထိုသောရိုက်ကူးထားသော ဗွီဒီယိုဖိုင်များ မြောက်မြားစွာ ရှိလာခြင်း ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။ ထိုဗွီဒီယိုဖိုင်ထဲက မြန်မာအမျိုးသမီး များသည် အဘယ်ကြောင့် ဤသို့ပြုလုပ်ခြင်းကိုပင် နားမလည်အောင်ပဲ ဖြစ်ရပါသည်။ ထိုဗွီဒီယိုဖိုင်အား မိမိ၏ မိသားစုဝင် (သို့မဟုတ်) မိမိ၏ ပတ်ဝန်းကျင်မှ မိမိအသိ မိတ်ဆွေတစ်ဦး တစ်ယောက်မှ ဗွီဒီယိုဖိုင်အား မြင်တွေ့ခဲ့မည်ဆိုပါလျှင် မိမိသည် မည်သော မျက်နှာမျိုးဖြင့် မိမိ၏ အသိုင်းအ၀ိုင်းအား ရင်ဆိုင်ကြမည်လော ဆိုသည် ကိုလည်း ထည့်ပြီး စဉ်းစားကြရမည် ဖြစ်ပါသည်။ ခုခေတ်တွင် အင်တာနက်သည်ကား နေရာတိုင်းတွင် ရှိလာကြပါသည်။

ကျေးရွာများထိ သုံးစွဲလာနိုင်ကြ ပါသည်။ ဆက်သွယ်မှု ကွန်ရက်တွေ တိုးတက် လာတာကြောင့် ကမ္ဘာကြီးသည်လည်း ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာခဲ့ပါပြီ..ထို့ကြောင့် မိမိသည် တောကျသည့် လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်သည့် နေရာကပင်ဖြစ်စေကာမူ ယခုခေတ်တွင်ကား တိုးတက် ပြောင်းလဲမှုနဲ့ အတူ အင်တာနက် ကွန်ရက် ထဲမှာ ကျေးလက်ဒေသနေရာ အချို့ကပါ ၀င်ရောက် သုံးစွဲလာနိုင်သောကြောင့် မိမိ၏ အပျော်တမ်း ဗွီဒီယိုဖိုင်သည်လည်း ကျေးရွာလူ ထိအထိ မြင်တွေ့နိုင်လာမည်ဖြစ်သည်။

လက်ရှိ အွန်လိုင်းတွင် ပျံနှံနေသော ဗွီဒီယိုဖိုင်များသည် မြန်မာပြည်တွင်းမှ ခိုးရိုက်ထားတဲ့ ဗွီဒီယို (တစ်ချို့ တည်းခိုခန်းတွင် ပျော်တမ်းရိုက်ကူးထားသော ဗွီဒီယို) အပါအ၀င် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ များမှာ သွားရောက် စီးပွားရှာနေကြသော မြန်မာ လူငယ် မိန်းခလေး များသာဖြစ်ကြသည် ကိုလည်း တွေ့မြင်ရ ပါသည်။ နိုင်ငံခြားကို ရောက်ပြီး လုပ်ချင်တာ လုပ်မည်ဆိုသည့် အတွေးကိုလည်း မ၀င်သင့်ပါဘူး... မိမိတို့သည် မြန်မာလူမျိုး ဖြစ်သည့်အတွက် တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်ကြီးအား ပြန်ပြီး ခြေချမိမှာ ဧကန်မလွဲပါဘူး.... ဒီတော့ မိမိ၏ ဗွီဒီယိုဖိုင်ကို အွန်လိုင်းမှာ မျှဝေနေတာကို မိမိ မိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်း ကကော မတွေ့မမြင်ဘူးလို့အဘယ်သူ ပြောနိုင်မည်နည်း။

လူ့ဘ၀တွင် လူဖြစ်ခြင်းသည် အရှက်သိက္ခာ က အဓိကဟု စာရေးသူ ထင်မိပါသည်။ အရှက်သိက္ခာ သည်ကား ဖွံဖြိုး တိုးတက်ပါသည်ဟု ပြောသော ဥရောပ နိုင်ငံကြီးများတွင်လည်း ရှိကြပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုကို အရင်းခံထားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများ အနေဖြင့် ပိုပြီး မထိန်းသင့်ပေဘူးလား..... မိမိအိပ်ခန်းထဲက အပျော်တမ်း ကင်မရာဖုန်း ဗွီဒီယို ဖိုင်တစ်ခုကြောင့် မိမိ ဘ၀ကြီးတစ်ခုလုံးကို ရုပ်ဆိုး အကျဉ်းတန်မယ့် လုပ်ရပ်မျိုးကို လူငယ်တွေ အနေနဲ့လည်း ရှောင်ရှားသင့် ပါတယ်။ ချစ်လို့ အလိုလိုက်သည် ဆိုပေမယ့် မိမိ အလိုလိုက် ခြင်းသည်ကား မိမိ ဘ၀ကိုရိုက်ချိုးမည့် အဖြစ်မျိုး မဖြစ်စေဖို့ အချစ်သူရဲကောင်း လူငယ်တွေလည်း သိထား သင့်တယ်လို့မြင်မိရင်း ခေတ်ရဲ့ တီထွင်မှုနောက်က လိုက်မျောရင်း ကင်မရာဖုန်းကို လူငယ်တွေ အကျိုး ရှိစွာ အသုံးချနိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

အင်တာနက်မှ ကူးယူ ဖော်ပြပါသည်။

( ဓာတ်ပုံ - မြိတ်မြို့ တယ်လီဖုန်း သုံးစွဲသူများ အကြားတွင် ရေပန်းစားနေသည့် မြိတ်သူလေး တစ်ဦး၏ ဓာတ်ပုံ )




 

0 comments: