Saturday, August 24, 2013

စိုက်ပျိုးပြီးသော သစ်ပင်များအား ပေါင်းရှင်းခြင်း၊ မြေသြဇာ ထည့်ခြင်းနှင့် မြေတောင်မြောက်ပြုစုခြင်း ဆောင်ရွက်

တက္ကသိုလ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပရေး အတွက် စိုက်ပျိုးပြီးသော သစ်ပင်များအား ပေါင်းရှင်းခြင်း၊ မြေသြဇာ ထည့်ခြင်း၊ မြေတောင်မြောက် ပြုစုခြင်းကို သြဂုတ်လ(၂၃)ရက် နံနက်(၈)နာရီတွင် ကွန်ပျူတာ တက္ကသိုလ်(မြိတ်)တွင် ကျင်းပရာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ရဲမေများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။





ရှေးဦးစွာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးက တက်ရောက်လာကြ သူများအား ဓာတ်မြေသြဇာများ ပေးအပ်သည်။ ထိုနောက် ကွန်ပျူတာ တက္ကသိုလ်(မြိတ်)၌ ၂၀၁၂ခုနှစ်တွင် စိုက်ပျိုးခဲသော ပျဉ်းကတိုး(၇၀၀)ပင်၊ ခရေ(၁၄၀)ပင်၊ ကံ့ကော်(၁၄၀)ပင်၊ မဟော်ဂနီ(၈)ပင် စသော အပင် ပတ်ဝန်းကျင်တွင် သဘာဝ အလျောက် ပေါက်ရောက်နေသည့် ပေါင်းပင်များ အားရှင်းလင်းကြ၍ ဓာတ်မြေ သြဇာများထည့်ကာ မြေတောင်မြောက်ပြုစုခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: