Saturday, August 24, 2013

မြိတ်မြို့၌ Generalised Scheme of Preferences and Rules of Origin Seminar သင်တန်းဖွင့်လှစ်


မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် International Management Group နိုင်ငံတကာ စီမံခန့််ခွဲရေး ဆိုင်ရာ အဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သော ဥရောပသမဂ္ဂ အထူးကုန်သွယ်မှု လွတ်ကင်းခွင့်နှင့် ၄င်း၏ မူလနိုင်ငံဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အတွက် Generalised Scheme of Preferences and Rules of Origin Seminar သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၃)ရက် နံနက်(၉)နာရီတွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း ၌ ကျင်းပသည်။




ရှေးဦးစွာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက အမှာစကား ပြောကြားသည်။ ယင်းနောက် International Management Group မှ နိုင်ငံတကာ စီမံခန့််ခွဲရေး ဆိုင်ရာ အဖွဲ့ အကြံပေးအရာရှိ Mr.Stefan Moser က သင်တန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။

အဆိုပါသင်တန်းတွင် ကုန်သည် လုပ်ငန်းရှင်များအား ဥရောပသမဂ္ဂ နိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် လိုအပ်သော သတင်းအချက်အလက်များနှင့် ကုန်ပစ္စည်းများ လွယ်ကူချောမွေ့စွာ တင်ပို့ နိုင်ရန် အချက်အလက်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ သြဂုတ်လ(၂၃)ရက်မှ (၂၄)ရက်နေ့အထိဖြစ်၍ သင်တန်းသား(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

IPRD MYEIK

0 comments: