Tuesday, August 20, 2013

မြိတ်မြို့၌ အိမ်တိုင်ယာရောက် စောင့်ရှောက်ပေးနေသော အဘိုးအဘွားများအတွက် ဆန်နှင့် အားဆေးများ ထောက်ပံ့ ပေးအပ်

မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ဝေါလ်ဗွီးရှင် အသင်းတို့မှပူးပေါင်း၍ အိမ်တိုင် ယာရောက် စောင့်ရှောက် ပေးနေသော ဘိုးဘွားများ အတွက် ဆန်နှင့် အားဆေးများ ထောက်ပံ့ ပေးအပ်ခြင်းကို သြဂုတ်လ (၁၉)ရက် မွန်းလွဲ (၁း၃၀)နာရီက မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းရုံး ခန်းမ၌ ကျင်းပသည် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်သန်း သန်းဆွေ မှ အမှာ စကားပြောကြားသည်။

ထိုနောက် အတွင်းရေးမှူး ဒေါ်မေလှိုင်က အိမ်တိုင်ယာရောက်  ဘိုးဘွား များအား စောင့်ရှောက် ပေးနေသော စေတနာရှင် များအား မိမိတို့ စောင့်ရှောက်နေသော ဘိုးဘွားများ၏ ကျန်းမာရေးနှင့် မိမိတို့ရ ပ်ကွက်အတွင်းရှိ ဆွေမျိုးသားချင်း မရှိပဲ ဆင်းရဲချို့တဲ့လျက်ရှိသော ဘိုးဘွားများ၏ လိုအပ်ချက်များကို စုံစမ်း၍ ကူညီစောင့်ရှောက်ပေးကြ ရန် ပြောကြားသည်။  ဆက်လက်၍ အိမ်တိုင်ယာရောက် ဘိုးဘွားများ အား စောင့်ရှောက် ပေးနေသော စေတနာရှင်များ က ရပ်ကွက် အလိုက်မိမိတို့ တာဝန်ယူစောင့်ရှောက်ပေးနေသော သက်ကြီး ဘိုးဘွားများ၏ ကျန်းမာရေး အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ၀ါးလ်ဗွီးရှင်းမှ လှူဒါန်းသော သက်ကြီးဘိုးဘွား (၃၀) ဦးအတွက် တစ်ဦးလျှင် ဆန်(၄) ပြည်နှင့် Nutrivita အားဆေး(၁)လစာကို ဘိုးဘွားများ အတွက် စေတနာရှင်များအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

IPRD MYEIK 


0 comments: