Sunday, August 4, 2013

တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်လွင် တနင်္သာရီမြို့သို့ သွားရောက်၍ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် စိုးရိမ် ရေမှတ်ထက် ကျော်လွန်ပြီး တနင်္သာရီ မြို့နယ်နှင့် အနီး ပတ်ဝန်ကျင် ကျေးရွာများ ရေကြီး နစ်မြှုပ်မှု ဖြစ်ပေါ်လျက် ရှိရာ အိမ်ထောင်စုပေါင်း (၃၂၄) စုအား ရေဘေး လွတ်ကင်းရာ နယ်မြေ များသို့ ပြောင်းရွေ့ ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ 

ထိုသို့ မြစ်ရေကြီး မှုကြောင့် ရေဘေး လွတ်ကင်းရာသို့ ပြောင်းရွေထားသည့် အိမ်ထောင်စုဝင်များအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်းများမှ ထောက်ပံ လှူဒါန်းသည့် ရိက္ခာ ပစ္စည်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို တနင်္သာရီတိုင်း အစိုးရအဖွဲ့ ကိုယ်စား တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းလွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ((၁)ရက်နေ့နှင့် (၂) ရက်နေ့များတွင် ကိုယ်တိုင် သွားရောက်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေး အပ်သည့် ပစ္စည်းများမှာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လှူဒါန်းသည့် ဆန် (၇၀)အိတ်၊ စားသုံးဆီ ပိဿာ (၂၀၀)၊ ရေသန့် (၂၀) လီတာဝင် (၂၀၀) ဘူး၊ ခေါက်ဆွဲခြောက် (၇၈၄၀)ထုပ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်း (၆)မျိုးပါ ယူနစ် (၄၀၀)၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ ပစ္စည်း ယူနစ် (၄၀၀) ဖြစ်ကြောင်း သိရသည်။ 

ထိုနောက် တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့သည် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေး ခဲ့ကာ ရေဘေးသင့် ပြည်သူများ၏ နေထိုင်ရေး၊ ကျန်းမာရေး၊ စားသောက်ရေး ကိစ္စများ အတွက် ပေါင်းစပ် ညှီနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။ 

ထို့အတူ တနင်္သာရီမြို့ ရေဘေး ဒုက္ခသည် များအား ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ တနင်္သာရီမြို့နယ် ဒေသခံ တပ်ရင်းများမှ အရာရှိ အရာခံ အကြပ် စစ်သည်များ ကလည်း ရိက္ခပစ္စည်းများ ပံ့ပိုး ကူညီထောက်ပံ့ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ များ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့ (၁၂) နာရီအချိန် တိုင်းထွာချက်များ အရ တနင်္သာရီ မြစ်ရေသည် စိုးရိမ် ရေမှတ်အောက် ပြန်လည် ကျဆင်းလျက်ရှိပြီး ရေအမြင့်မှာ ၂၃ ပေခွဲသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိ ပါသည်။









0 comments: