Tuesday, August 13, 2013

ကျွန်းစုမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ် ပေးရန်

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးခန်း တစ်ခန်း၊ ၎င်းရုံး၏ အိမ်ရာတစ်လုံး၊ ဝန်ထမ်းနှစ်ခန်း တွဲ အိမ်ရာ ၃ ခု၊ မြို့နယ်ရုံး အင်ဂျင်နီယာဝန်ထမ်း နှစ်ခန်းတွဲ  အိမ်ရာ ၃ လုံးနှင့် ကန့်ဘလူ ကျေးရွာရေအား လျှပ်စစ်အလုပ်ရုံ ခန်းတွင် ရုံးခန်းတစ်ခန်းကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်း၍ ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်)က မေးမြန်း ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က 


မြို့နယ် လျှပ်စစ်မှူးရုံး အဆောက်အဦ တစ်ခုနှင့် ဓာတ်အားပေး စက်ရုံ အဆောက်အဦ ၁ လုံးကို တည် ဆောက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ကြောင်း၊ ကျွန်းစု အသေးစား ရေအားလျှပ်စစ် စက်ရုံကို တိုင်းဒေသကြီးအစိုးရ သို့ လွှဲပြောင်းပေးရန် အတွက် လွှဲပြောင်း မှတ်တမ်း မူကြမ်းကို ၃-၅- ၂၀၁၃ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရသို့ ပေးပို့ခဲ့ပြီး တိုင်းဒေသကြီး အစိုးရမှလည်း လွှဲပြောင်း လက်ခံရေးကိစ္စကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး အစိုးရ အစီအစဉ် ဖြင့်လည်း အဆောက် အဦများ လိုအပ်ချက်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။


0 comments: