Sunday, August 11, 2013

THAILAND HFT-2012 51832 စာတစ်ဆောင်ပါသော ခိုတစ်ကောင် ကျွန်းစုမြို့ ၌ ဖမ်းဆီး ရရှိ

ကျွန်းစုမြို့နယ် ၊ ကမ်းကြီးကျေးရွာ အုပ်စု၊ ကဘင်းချောင်းကျေးရွာ၊ အခြေခံ ပညာ မူလတန်း လွန်ကျောင်း တွင် (၂၂-၇-၂၀၁၃) ရက်နေ့ (၁၅၃၀)နာရီ အချိန် ၌ မောင်ရဲနိုင်ထွေး (၁၄)နှစ (ဘ) ဦးစောဒရိုင်ဘာ (၅)တန်း ကျောင်းသား နှင့် မောင်ချစ်ကောင်း (၁၂)နှစ် (ဘ)ဦးစိုးစိုးဌေး (၅)တန်း ကျောင်းသားတို့ မှ ကျောင်းဝင်း အတွင်း ရှိ ကျောင်းဆောင်ပေါ်တွင် နားနေသော ခိုတစ်ကောင် အား လေးခွဖြင့်ပစ်ခဲ့ရာ ခို၏ ဝဲဘက်တောင်အား ထိမှန်၍ ပြုတ်ကျခဲ့သဖြင့် ကောက်ယူ ခဲ့ကာ ၄င်း၏နေအိမ်၌ မွေးမြူခဲ့သည်။

အဆိုပါခို၏ ယာဘက်ခြေထောက်တွင် စွပ်လျှက် အစိမ်းရောင်ပလပ် စတစ်ကွင်းပေါ်၌ THAILAND HFT-2012 51832 စာအား ရေးသားထားရှိပြီး ဝဲဘက်ခြေထောက်တွင် စွပ်လျှက် နီညိုရောင် ပလပ်စတစ် တစ်ကွင်းပေါ် ရွှေရောင် ရောင်ပြန်အပတ်အား ပတ်ထားပါသည်။

ကဘင်းချောင်း ရွာနေသူ ဦးတင်လှ (၆၁)နှစ် (ဘ) ဦးကျောက် (၆/ကစန(နိုင်) ၀၃၅၇၀၄) ကျောင်းအုပ် ဆရာကြီး (ငြိမ်း) မှ (၁၀-၈-၂၀၁၃)ရက်နေ့ ညနေ(၅)နာရီတွင် ကျွန်းစုမြို့မရဲစခန်းသို့ လာရောက် အပ်နှံပေးသဖြင့် ကျွန်းစုမြို့မ ရဲစခန်းတွင် သိမ်းဆည်းထားရှိပါကြောင်း သတင်းရရှိပါသည်။

IPRD MYEIK


0 comments: