Friday, August 23, 2013

အဆောင်ကောင်း ကုမ္ပဏီတွင် အလုပ်သမားများကို မတရား အလုပ် ထုတ်ပစ်နေကြောင်း အလုပ်သမား တစ်ဦးက ပြောဆို

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စက်မှုဇုန် အတွင်း ရှိ  ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အဆောင်ကောင်း ကုမ္ပဏီတွင် အလုပ်သမားများကို အကြောင်း အမျိုးမျိုးပြ စွပ်စွဲပြီး အလုပ်ထုတ်ပစ်နေကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။




'' ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်သမားတွေရဲ့ လိုအပ်ချက်အရ AABLO ဆိုတဲ့ ခေါင်းစဉ်နဲ့ အခြေခံ အလုပ်သမား သမဂ္ဂတစ်ခုကို တရားဝင် မှတ်ပုံတင်ပြီး ဖွဲ့စည်းခဲ့တယ် ...... ပြဿနာက အဲဒီကစတာပဲ...... '' ဟု ၄င်းက ပြောဆိုသည်။ အဆိုပါ အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ပြီးသည့်နောက် ဒါရိုက်တာနှင့် မစ္စတာလန်း တို့သည် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား အချိုသတ်၍ ရာထူး/ လစာများ တိုးပေးပြီး အလုပ်သမား အဖွဲ့နှင့် ကင်းကင်းရှင်းရှင်း နေခိုင်းခြင်း၊ ၄င်းတို့စည်းရုံး၍ မပါသော အလုပ်သမားများဖက်က ရပ်တည်သော အလုပ်အမှုဆောင်များကိုမူ ဌာန အမျိုးမျိုးသို့ ပြောင်းရွေ့၍ အလုပ် စေခိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ''အမှုဆောင်တစ်ခိျု့ကို အန်ဒမန်ကနေ အဆောင်ကောင်းကို အတင်း အဓမ္မ ပြောင်းလိုပြောင်း၊ မကျွမ်းကျင်တဲ့ဌာနကို ပို့လိုပို့လိုက်နဲ့ နည်းမျိုးစုံနဲ့ စိတ်ဆင်းရဲပေးပြီး အလုပ်က ထွက်ချင်လာအောင် ရေရှည်စီမံကိန်းနဲ့ လုပ်ကိုင် ဆောင်ရွက်နေကြတယ်'' ဟု ၄င်းက ပြောကြားသည်။

ယခုဆိုလျှင် (၆)လ အတွင်း ၄င်းအလုပ်သမား သမဂ္ဂ၌ ခေါင်းဆောင် (၃)ယောက်လောက်သာ ကျန်တော့၍ နောက်လဆိုရင် ထိုသူ (၃)ဦးပါ အပြစ် အမျိုးမျိုးနဲ့ ရှာကြံ စွပ်စွဲ၍ အလုပ်က ထုတ်ပစ်ခံရတော့မည်မှာ သေချာနေကြောင်း'' ၄င်း က ဆက်ပြော ပါသည်။

''ကျွန်တော် အပါအ၀င်ပေါ့.....    ဘာကြောင့် အကြောင်းရှာပြီး ထုတ်ပစ်ရတာလည်း ရှင်းပါတယ်..... အပြောင်းအလဲကို လက်မခံလိုတာကြောင့်. .... ဆက်လက်ပြီး ကျွန်တော်တို့ နိုင်ငံသား ဆင်းရဲသား အလုပ်သမား တွေ့ရဲ့ ဂုတ်သွေးကို အဲဒီနိုင်ငံခြားသား တွေက ဆက်စုပ်နေချင်သေးလို့ ပေါ့ဗျား'' ဟု အလုပ် ထုတ်ပစ်ခြင်းကြောင့် လက်ရှိ အမှုရင်ဆိုင်နေရသော အလုပ်သမား တစ်ဦးကပြောပါသည်။ '' ၄င်းကုမ္ပဏီ ဒါရိုက်တာနှင့် အထွေထွေ မန်နေဂျာ မစ္စတာလန်း၊ ငွေစာရင်း တာဝန်ခံ မစ္စဆုံတို့ကသာ ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ကိစ္စ အ၀၀ကို ချယ်လှယ်နေပြီး မြန်မာလူကြီးများ ကိုကား အခြောက်ရုပ်အဖြစ်သာ ထားရှိကြောင်း '' ၄င်းက ဆက်ပြောသည်။         

၎င်းကုမ္ပဏီသည် မလေးရှား နိုင်ငံသား ပညာရှင် အယောက် (၂၀)ခန့်နှင့် မြန်မာအလုပ်သမား တစ်ထောင်ကျော်တို့ လုပ်ကိုင် ဆောင်ရွက်လျက် ရြှိ့ပီး ငါးအမုန့်နှင့် ရေထွက်ပစ္စည်း အမျိုးမျိုးကို နိုင်ငံတကာသို့ တင်ပို့ ရောင်းချလျှက် ရှိကြောင်း သိရသည်။

         
         

0 comments: